Local News

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဂျုံ

       ယနေ့ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၀၀၀-၄၅၀၀၀) ကျပ်၊ဂျုံထွက်တိုးတစ်တင်းလျှင် (၄၃၀၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၅၀၀)ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၃၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်နှင့်ယခင်တစ်ပတ်နှိုင်းယှဉ်ပါက ဂျုံသီးနှံဈေးငြိမ်လျက်ရှိကြောင်းသိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၄၅၇၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ (၄၅၅၀၀) ကျပ်ရှိ၍ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၂၀၀)ကျပ် ဈေးမြင့်တက်လားကြောင်းသိရပါသည်။

မတ်ပဲ

       မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၂၀၀၀)ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ (၅၄၀၀၀) ကျပ်ဖြစ်၍ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၂၀၀၀) ကျပ်ကျဆင်းသွားပါသည်။

ပဲတီစိမ်း

       ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၈၅၀၀  ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှာ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၄၅၅၀၀ ကျပ်ရှိသည်။ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၃၀၀၀)ကျပ်နှုန်း မြင့်တက်လာပါသည်။

ကုလားပဲ(မျိုးစုံ)

       ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၅၁၅၀၀)ကျပ်၊ကုလားပဲဖြူလုံးသေး (၅၁၅၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၄၈၇၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၀၇၀၀)ကျပ်၊ ကုဖြူလုံးသေး(၅၁၀၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၇၃၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်ပါက ကုလားပဲမျိုးစုံ ဈေးအနည်းငယ်ဈေးမြင့်တက်လာကြောင်း  သိရပါသည်။

ပြောင်းဖူးစေ့(CP)

       ပြောင်းဖူးစေ့(စီပီ) တစ်တင်းလျှင် (၁၄၇၀၀) ကျပ်နှုန်းပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် (၁၄၈၀၀) ကျပ် ရှိ၍ တစ်တင်းလျှင် (၁၀၀)ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News